Feb 19, 2007

ဝါယာတစ်ပင် လွတ်သွားသော ဘက်ထရီမဲ့ နှလုံးသား

ဝါယာတစ်ပင် လွတ်သွားသော ဘက်ထရီမဲ့ နှလုံးသား

ခံစားချက်တွေ
အစပျိုးချိန်
အားနည်းတဲ့ ငါ့နှလုံးသားဆီက
လွတ်သွားတဲ့
ဒီကြိုးလေးတစ်ချောင်း

အသက်ငင် ဇာတ်မ၀င်ခင်
မရက်စက်ပါနဲ့ ဆိုကာမှ
အားသစ် ဘက်ထရီကို
ဖြုတ်ယူသွားလေ ပါတော့တယ် ..

ကိုတိုး

Feb 12, 2007

မချစ်ဖူးသူတွေ ယခု ချစ်ကြပါစေ

ကျွန်တော် ဒီရက်ပိုင်းမှာတော့ အလုပ်အရမ်းများနေပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စထက် ရုံးအလုပ်ကပို များနေတာကြောင့် ဘာမှရေးနိုင်မှာမဟုတ်သေးပါဘူးဗျာ။ “အခုရှင်းမှ နောင်ရှင်း” ဆိုတဲ့ လက်ကိုင် ဝေါဟာရအရ အကြွေးမထားတတ်လို့ အလုပ်တွေအကုန်ရှင်းထုပ်နေရပါတယ်။ မအားပေမယ့် ဒီရက်ပိုင်းမှာ လုပ်တဲ့ အလုပ်တွေကိုတော့ သိပ်သဘောတွေ့မိပါတယ် ဗျာ။ အလုပ်က ကျွန်တော့် ဘ၀ပါ။

“သူများပျော်လို့ မပျော်နိုင် ရည်စားပစ်လို့မှိုင်” ဆိုသလို Valentine ကာလမှာ နှင်းဆီပန်းအနီတွေကို မြင်တိုင်း တွေဝေမှိုင် ငေးငိုင်နေရသူကတော့ ကျွန်တော်ပါ ဗျာ။

ထားပါတော့ .. အောက်မှာတော့ ကျွန်တော် အရမ်းနှစ်သက်တဲ့ Quote လေးကို Valentine အခါသမယမှာ အားလုံးအတွက်ဆုတောင်းပေးလိုက်ပါတယ် ..

Let those love now who never loved before. Let those who always loved now
love the more.
Thomas Parnell

ယခင် ဘယ်တုန်းကမျှ မချစ်ဖူးသူတွေ ယခု ချစ်ကြပါစေ။ အမြဲ ချစ်နေကြသူတွေ ယခု ပိုလို့ ချစ်ကြပါစေ။
သောမတ်(စ) ပါနဲလ်

အားလုံးကို လေးစားလျှက်

ကိုတိုး

Feb 10, 2007

အချစ်သူရဲပေါ

အချစ်သူရဲပေါ

နှလုံးသားက
အရှုံး ဓါးချက်ကြောင့်
ခေါင်းမဖော်
စိတ်ရော်ကညစ်ပါလို့
မပြုံးနိုင်
အရှုံးအလံကိုင်ကာဆွဲ
အကျွနှ်ပ် တပ်မှူးငယ်
ဒဏ်ရာပြင်းလို့ စာပုလ္လင်ကိုခင်းရပါတယ်
အချစ်စစ်ပွဲ မ၀င်ရဲတော့ကြောင်းပါ
မမဘုရား

ကိုတိုး

Feb 9, 2007

လက်တို့ပြီးတော့ ပြောရအုံးမယ်

“လက်တို့ပြီးတော့ ပြောရအုံးမယ်” ဆိုတဲ့ C-Box ကို ထည့်လိုက်ပါတယ်။ ပြောချင်တာပြော ရေးချင်တာရေးခဲ့ပါ။

အားလုံးကို အစဉ်လေးစားလျှက်

ကိုတိုး