လက်ကြီးမှ ကိုင်လို့ရမယ့် ဆေးဂွင်
လက်ကြီးမှ ကိုင်လို့ရမယ့် ဆေးဂွင်
ကိုတိုးရေးသားသည်
ဇာတ်လမ်းက ဒီလိုဗျ ..
မောင်ကိုတိုးရဲ့ အရင် အလုပ်မှာ .. အပျိုကြီးတွေ ပေါမှပေါ ပေါ့ .. အများအခေါ်ကတော့ “အပိုကြီး” တွေပေါ့။ သြော် .. အပျိုကြီးတို့ခမျာမှာလည်း “လင်ယူသားမွေး” အရေးကို စဉ်းစားမိဟန် ရှိပုံမရ .. သူတို့ စိတ်အစဉ်မှာ အရိပ်ဝင်နေတာက ငွေကို လုံးခနဲရသော ပွပေါက် (သို့မဟုတ်) “ဂွင်” ဆိုသော ဝေါဟာရကို အာရုံသွင်းထားပုံရသည်။ ပြောလိုက်တဲ့ စကားအချို့ကို အနည်းငယ် ကောင်နုတ်တင်ပြမည် ဆိုရင်ဖြင့်လည်း “အဲဒီကောင် ဟို ဂွင် တွေ့လို့ ပွသွားတာ” “အင်း .. အဲဒါလည်း ဂွင် ပဲ” “တရုတ်ပြည်ဘက်က ဟို ပစ္စည်းတွေကလည်း ဂွင် မသေးဘူး နော်” အစရှိသည်ဖြင့် ဖြစ်လေတော့သည်။
တရက်တော့ ပေါ့ဗျာ ..
“ဒီမှာ မနီလာ၊ မသန္တာ နဲ့ မမွန် တို့ရေ .. ကျွန်တော့်မှာ ဂွင် တစ်ခု တွေ့ထားတယ် .. ပွပေါက် ဗျို့” ဆိုပြီး ရုံးက ရှမ်းလေး ဆိုသော ညီငယ်လေးက ဇာတ်လမ်းကို စချီသည်။ “ဟဲ့ .. နေပါဦး .. နင့် ဂွင် ဆိုတာက ဘာ ဂွင် လည်း” လို့ တစ်ယောက်သော အပျိုကြီးက မျက်လုံး အပြူးသားနဲ့ မေးရှာတော့သည်။ “ဆေးဂွင် .. ဗျို့ .. ဆေးဂွင်” ဆိုပြီး ရှမ်းလေးက ဖြေလိုက်ပါတယ်။ ရှမ်းလေးက ဆက်ပြီး “ဒါပေမယ့် .. နယ်နယ်ရရ တော့ မဟုတ်ဘူး နော် .. လက်ကြီးမှ ရမယ်” (မှတ်ချက် .. သိတဲ့ အတိုင်းပဲ လေ .. “လက်ကြီး” တယ် ဆိုတာက စီးပွားရေးလောကမှာ “ငွေထုတ်ကြီး” (သို့မဟုတ်) “အရင်းနှီးကြီးခြင်း” လို့ဆိုတာပေါ့ ဗျာ။)
“အေး .. ငါတို့ စိတ်ဝင်စားတယ် .. နင့် ဆေးဂွင် က ဘာဆေးဂွင်လည်း .. ငါတို့ကို ပြော” .. “အာ .. နေပါဦး ဗျာ .. ဒီလို ပြောလို့မရဘူး .. ခင်ဗျားတို့ လက်ကြီးဖို့သာ အရေးကြီးတယ် .. လက်မကြီးရင်တော့ ကိုင်လို့ရမှာ မဟုတ်ဘူး” .. “အာ .. နင် ငါတို့ကို အထင်မသေးပါနဲ့ .. နင့် ဆေးဂွင်က သာ ကြီးပလေ့စေ .. ငါတို့ ရှိသမျှကို ပုံအောပြီး ကိုင်မယ်” လို့ အပျိုကြီးများ ပြောလိုက်တဲ့ စကားအဆုံးမှာ .. ရှမ်းလေး ပြောလိုက်တဲ့ အဖြေကြောင့် .. အပျိုကြီးတွေထံမှ “ဟဲ့ .. သေ x xx xxx .. . ကောင်စုတ် ... x x x” အစရှိတဲ့ ဝေါဟာရများကို ကြားရပေမယ့် .. အခြားကြားရသူအပေါင်းကတော့ မပြုံးပဲ ၀ါးလုံးကွဲအောင်ရယ်ကြပါတယ်။
ရှမ်းလေးပြောလိုက်တာက “ဆေးဂွင် ဆိုတာ ဆင်ဂွေးကိုပြောတာ .. ခင်ဗျားတို့ လက်ကြီးရင် သွားကိုင်ပေါ့” ဆိုတာပါပဲ ဗျာ ..
အားလုံးကို လေးစားလျှက်
ကိုတိုး