ပျင်းလို့ဆော့ ကြည့်ခြင်း (၁)
ဒီနေ့လုပ်ရတဲ့အလုပ်တွေကို နည်းနည်းလေးငြီးငွေ့ပြီး ပျင်းလာတာနဲ့ အိမ်ကညီအငယ်ဆုံးလေး မျိုးဆွေထွန်းရဲ့ ပုံကို CD Album ရဲ့ Cover Design ပုံစံလုပ်လိုက်တယ်။ သူကလည်း သီချင်းဆိုတာ ၀ါသနာပါတာနဲ့ လုပ်ထည့်လိုက်တာပဲ။ စိတ်ကူးပေါ့။ Album နာမည်ကိုတော့ The Greatest Hits လို့ ခပ်တည်တည်နဲ့ပေးထည့်လိုက်တယ်။ တကယ်မဟုတ်ဘူး .. နော်။ တော်ကြာ ဘယ်တော့ထွက်မှာလည်း .. နားထောင်ချင်လို့တွေဘာတွေလုပ်နေမှာစိုးလို့။ ဟီး ... ဟီး
ကိုတိုး