Mar 7, 2008

Tribute to My Favorite Cartoon "POE ZAR"

ကာတွန်းပိုးဇာကတော့ ကျွန်တော့် အကြိုက်ပေါ့။ ဒီတစ်ခါတော့ စိတ်ကူးရတာနဲ့ ပိုးဇာပုံကို Adobe Illustrator မှာ ဆွဲမယ်ဆိုပြီး စဆွဲနေတုန်း ညီတော်လေး မျိုးကျော်ထွန်းက “အကိုကြီး Gradient မပါပဲနဲ့ ဆွဲပါလား .. အဲဒါကို ပိုကြည့်လို့ ကောင်းတယ်” ဆိုတာနဲ့ Grandient ကို လုံးဝ သုံးမထားပါဘူး။ ဒါနဲ့ ဆိုရင် Gradient မသုံးတဲ့ ကာတွန်း ကာရိုက်တာ ၃ ခုလောက်ရှိပြီ။ Tone တွေအားလုံးကို လိုက်ညှိရတာ တော်တော်လေး အချိန်ကြာသွားတယ်။ ဖြစ်ချင်တော့ မျက်နှာနဲ့ ဦးထုပ်ဆွဲပြီးတာနဲ့ Layer က ၁၀၀ နားကပ်နေပြီ။ မျက်စိနာနေတဲ့ ကြားက ဆွဲရတာလောက် မသက်မသာ မရှိပါဘူး။ ဒါနဲ့ ၃ ရက် အချိန်ယူလိုက်ရတယ် ဆိုပါတော့။ Layer အားလုံးပေါင်းကတော့ ၅၀၁ ပေါ့။ နောက် အချိန်ရမှပဲ လိုတာလေးတွေ Detail ဆက်ဖြည့်ပြီး Wallpaper လုပ်ပေးတော့မယ်။

ကိုတိုး

9 comments:

  1. အရမ်းသဘောကျတယ်။ ပိုးဇာရဲ့ ကာတွန်းတွေ အကုန် ကြိုက်တယ်။ ဂေါ်မစွံ လူပျိုကြီး မောင်မောင်ဇာပုံပဲ ဆွဲတာလား။ အချိန်ရရင် သူ့ တူမတွေ ဖြစ်တဲ့ လေးမွန် ၊ ထွေးမွန် အမွှာညီအစ်မ ပုံတွေလည်း ဆွဲပါအုံး။ :D မျက်စိနာ သက်သာသွားမှ ဆွဲပါ။ ကျန်းမာရေးက အရေးပိုကြီးပါတယ်။

    ReplyDelete
  2. ကိုမျိုးဟန်ထွန်းရေ ဒီဇိုင်း တွေက ရေလည် မိုက်တယ်ဗျာ။ အားကျလိုက်တာ။ ကျွန်တော်က ဘန်နာလေးတောင် မလုပ်တတ်ဘူးဗျာ။ ဘန်နာဒီဇိုင်း အပ်လို့ ရမလားဟင် ဟီးးးး :D

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. @ n3

    အချိန်ရရင် ရသလို ဆွဲပါ့မယ်။ လောလောလတ်လတ်တော့ အားလုံးအချစ်တော် သမိန်ပေါသွပ် ပုံဆွဲနေပါတယ်။

    @ ဘလူးဖီးနစ် - bluephoenix

    ကျွန်တော်လုပ်ထားတဲ့ ဒီဇိုင်းတွေကို သဘောကျတယ်ပြောလို့ ကျေးဇူးတင်ပါတယ် ဗျာ။ ရုံးအလုပ်ရဲ့ ဘေးမှာ ကိုယ်ပိုင်အလုပ်နဲ့ ၀င်ငွေရှာနေသူမို့ ဘန်နာဒီဇိုင်းအပ်အပ် .. အခြား Web Design/Web Development အပ်အပ် ရပါတယ် ဗျာ။ (ကြော်ငြာခြင်း) ဟီး ..

    ကိုတိုး

    ReplyDelete
  5. တော်တော် Good တယ်ဗျ..ဖြစ်နိုင်ရင် ဦးထုပ်၊အကျီင်္နဲ့ဘောင်းဘီကာလာကိုအမျိုးမျိုးထပ်စမ်းကြည့်ပါအုန်းလား..
    ပိုလိုက်တဲ့ကာလာရှိဦးမလားလို့...

    ReplyDelete
  6. @ Forrest Gump

    သူ့အစပထမကတော့ သဲကန္တာရ ခရီးသွားတွေဝတ်ဆင်လေ့ရှိတဲ့ ပုံစံမျိုးပါ။ Forrest Gump ပြောသလို ကျွန်တော် အချိန်ရရင် ထပ်စမ်းသပ်ကြည့်အုံးမယ်။ တစ်ခုတည်းနဲ့ ရောင့်ရဲနေလို့မရဘူး ဆိုတာ ကျွန်တော် နားလည်ပါတယ်။ လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

    ကိုတိုး

    ReplyDelete
  7. အလုပ်အပ်ချင်တဲ့ သူရှိရင် ချိတ်ပေးမယ်လေ။ လက်ခ က ဘယ်လောက်ယူလဲဗျ။ ဈေးနှုန်းလေးတွေ အကြမ်းဖျင်းပြောပြပါလားဗျာ။

    ReplyDelete
  8. ဈေးနှုန်းတွေ လက်ခတွေက အလုပ်ပေါ်မှာ မူတည်ပါတယ်။ အလုပ်အပ်ချင်ရင်တော့ myohanhtun@gmail.com သို့ email နဲ့လှမ်းဆက်သွယ်ပါ။ Customer တွေစိတ်တိုင်းကျ ဖြစ်အောင် အမြဲတမ်းဆောင်ရွက်ပေးပါတယ်။ :)

    ကိုတိုး

    ReplyDelete
  9. where's the သမိန်ပေါသွပ graphic? i'm waiting

    ReplyDelete