ကျွန်တော်က တစ်ခါတလေ အူကြောင်ကြား။ Mr. Bean ဆန်ဆန်ပေါ့။
ပြီးခဲ့တဲ့ ၃ ၄ လလောက်က ဂျင်းဘောင်းဘီ သွားဝယ်မလို့ Shopping Mall တစ်ခုကိုသွားခဲ့တယ်။ ဒါနဲ့ ဂျင်းအထည်နေရာတစ်နေရာလည်းရောက်တော့ ဟိုကြည့်ဒီကြည့်ပေါ့။ ကိုယ်ကြိုက်တဲ့ အရောင်လည်းတွေ့တော့ အစမ်းဝတ်ကြည့်မလို့ အရောင်းစာရေးမလေးတွေကို ဘေးဘယ် လိုက်ရှာမိတယ်။ ဖြစ်ချင်တော့ ဟိုလှည့်ကြည့် ဒီလှည့်ကြည့်နဲ့ ကျောဘက်အခြမ်းက မိန်းမ၀တ် ဂျင်းဘောင်းဘီတွေ ထပ်ထားတဲ့ဘက်ကို မျက်နှာလှည့်မိသွားတာ မသိလိုက်ဘူး။
ဒါနဲ့ အရောင်းစာရေးမလေးနှစ်ယောက်အနားရောက်လာတော့ သူက Size ဘယ်လောက်လဲလို့မေးတယ်။ ဒါနဲ့ ကျွန်တော်က Size No. 34 ဆိုတော့ သူက ရှာပေးတယ်။ ဒါနဲ့ ငါ အစမ်းဝတ်ကြည့်မလို့ဆိုတော့ သူက အူကြောင်ကြောင်ကြည့်နေတယ်။ ငါဘယ်နေရာနားမှာ သွားဝတ်ရမလဲ ဆိုတော့လည်း သူက ကြောင်ကြည့်နေတုန်းပဲ။ ဒါနဲ့သူက "Mister .. it's for woman" လို့ဆိုတော့ မှ .. ဟုတ်သား ဗျ .. ဟီး .. အခုခေတ် ကောင်မလေးတွေ ၀တ်တဲ့ .. ဖင်ကြပ်ကြပ် ဂွတိုတို ဗိုက်ပေါ်ချက်ပြုတ် ဘောင်းဘီပုံစံ ဗျ .. တော်သေးတာပေါ့ ဗျာ .. သွား Try ကြည့်လို့ကတော့ အကျိုးနည်းရချည်ရဲ့ ဗျာ။ ရှက်ရှက်ဆိုတော့လည်း ဟိုကြည့်ဒီကြည့် Mr. Bean ပုံစံမျိုးနဲ့ ရှောင်တခင် လှည့်ထွက်လာခဲ့ရတယ် .. ဟီး ..

ကိုတိုး
haha :-) loz
ReplyDelete-moeyae
အားဟားဟားးးးးးးးကိုတိုးရယ် တော်တော်နောက်တာပဲ.....စမ်းလိုက်ရောပေါ့ ဟီးးးးးးby the way, Chelsea is my team.....sooooo Liverpool is the big loser!!!!! yeah :P
ReplyDelete@ the northern light
ReplyDeleteမကန်တောင် မကန်ရသေးဘူး Big Loser ဖြစ်သွားရောလား ဗျ .. ဟီး
ဟားဟား ၀တ်ဖူးတယ်ရှိအောင် သွားဝတ်ကြည့်လိုက် ပြီးရော ။
ReplyDeleteဒါမျိုးက ကြုံရခဲတယ်နော် :P
ReplyDeleteစကားမစပ် အကိုတော် ကိုတိုး အသင့်အား အကျွန်ုပ် Tag လုပ်ထား၏။ :D ငှဲငှဲ
ကျွန်တော့်အသင်း ချာပီယံဖြစ်မှာဟီးးးးးး
ReplyDeleteko toegyi...
ReplyDeletefriendster ka message send tar error tat nay tal...:(
give mail add
ကွိကွိ..ကိုတိုးကြီးတို့ကတော့ လုပ်ပြီ
ReplyDelete