Jan 13, 2007

ယနေ့ကိုတိုး

ဒီနေ့ Honour Certificate တစ်ခု ရခဲ့ပါသည်။ ထို Certificate ကတော့ Signification Contribution အတွက် Appreciation Certificate တစ်ခုဖြစ်ပြီး Web Designer/Web Developer Award အတွက်ရခဲ့ခြင်းပါ။


ဒီပုံကတော့ “အန်ကယ်” တို့ “ဦးလေး” တို့ “ဦး” တို့ မကြာမကြာ အခေါ်ခံရသော “ကိုတိုး” ဆိုတဲ့လူပါ ဗျာ။

ကိုတိုး

11 comments:

  1. ကွန်ဂရက်ကျူရေးရှင်းပါ...ဒီထက်ပိုပြီး ရပါစေ။
    ပညာလို အိုသည်မရှိတဲ့....
    ပုံကို ကိုးရီးယားကားထဲမှာ မြင်ဖူးသလိုလိုတော့ ရှိတယ်။
    မုတ်ဆိတ်ရိတ်ထားလို့ မမှတ်မိတာ။ အဲဒီကား ပြန်ကြည့်တော့
    ဖြတ်လျှောက်မင်းသားကြီး ဖြစ်နေတာ..(နောက်တာပါ)
    ကွန်ဂရက်ကျူရေးရှင်း အဂဲ့

    ReplyDelete
  2. ဟဲ့ မင်းသားပါလား :P ဂုဏ်ယူပါတယ် ဗျာ ဒီထက်အောင်မြင်ပါစေ လို့လည်း ဆုတောင်းပေးပါတယ်- အဲ မေ့တော့မလို့ မိန်းမလည်း မြန်မြန် ရပါစေဗျာ

    ReplyDelete
  3. ဟာ ကိုတိုးက မင်းသားလုပ်လို့တောင် ၇တယ်နော်..
    တယ်မိုက်တာပဲ..
    မုန့်ဝယ်ကျွေးနော်

    ReplyDelete
  4. ကိုကြီးတိုး ... ပညာတွေစုံစုံလာသလို ကြင်ယာတွေလည်း ပြုံပြုံလာနိုင်ပါစေ :P

    ReplyDelete
  5. ဦးလေးတိုး...
    ဦးလေးအတွက် တူတော်မောင် ဂုဏ်ယူပါတယ်...
    တူမောင်
    မောင်လှ

    ReplyDelete
  6. @ NineNineSanay
    ကျေးဇူးတင်ပါတယ် ခင်ဗျ။ ကိုးရီးယားကားထဲမှာ ဖြတ်လျှောက်တော့ မဟုတ်ဘူး။ စမူစာသုတ်နဲ့ ဘယာကြော်သုတ်ရောင်းတဲ့ ပဲများများနှုတ်ခမ်းမွေးကုလား အနေနဲ့တော့ သရုပ်ဆောင်ဖူးပါတယ်။ :D ကားနာမည်မသိတော့လို့။ :P

    @ Tesla
    ကို Tesla ရေ ကျေးဇူးပါ။ “မိန်းမ မြန်မြန်ရပါစေလို့” ဆုတောင်းတာတော့ ကျေးဇူးအတင်ဆုံး။ ဒါပေမယ့် ဟို .. မြန်မာပြည်က ထုတ်တဲ့ ကွန်ပျူတာ “လမ်းညွှန်” တို့ “လက်ဆွဲ” တို့ စာအုပ်တွေလို .. အဲ့ဒီ “မိန်းမမြန်မြန်ရနည်း လက်ဆွဲ” တို့ “မိန်းမမြန်မြန်ရနည်း လမ်းညွှန်” တို့ အကြောင်းများ ရေးထားတဲ့ စာအုပ်တွေတွေ့လို့ကတော့ ညွှန်းစေချင်ပါတယ် ဗျာ။ :P ဘယ်လောက်ဖြစ်ဖြစ် ၀ယ်ပါ့မယ်။ :P

    @ THU HNIN SEE
    ကျေးဇူးတင်ပါတယ် ခင်ဗျ။ အနားပတ်ဝန်းကျင်မှာတော့ “လူပျိုကြီး ကပ်စေးနဲကြီး” လို့ Credit ပေးထားတာကို မကျေနပ်လွန်းလို့ မုန့်တင်မကဘူး ထမင်းပါ အ၀ကျွေးမယ်။ :)

    @ CMS
    ကျေးဇူးပါ ငါ့ညီ CMS ရေ။ :)

    @ မောင်လှ
    ကျေးဇူးပါ ဗျာ။ :D

    ReplyDelete
  7. ကိုတိုး ဒီပုံကို ဦးလေးခေါ်တယ်၊ မတော် ဘကြီးလောက်ဆိုဟုတ်သေး။ :P

    ReplyDelete
  8. @ pandalay
    “ဘကြီး” ဆိုလဲ .. “ငါ့မြေးလေး .. ရယ်” ပေါ့ ကွယ်။ :( ... :{

    ReplyDelete
  9. အားပါးပါး.. မင်းသားပါလားဟ
    ဒီလောက်ချော်တဲ့ အဲလေ ချောတဲ့ အန်ကယ်တိုးကြီးမှာ မိန်းမမပြောနဲ့ ရည်းစားတောင် မရှိဘူးဆိုတာ ကဒေါင်းတို့ကတော့ မယုံပေါင် ခွိ ခွိ

    ကဒေါင်းညင်သာလိုမျိုး ထိပ်ပြောင်ပြောင် နှာခေါင်းကြီးကြီး မဟုတ်တာ နာလိုဘူးဂျာ.. အဟင့်

    ကဒေါင်းညင်သာ

    ReplyDelete
  10. @ Ka Daung Nyin Thar
    ခေါင်းဖြူရင်တော့ ကျောင်းသူပေါ့ .. ခေါင်းပြောင်ရင်တော့ .. အင်း .. ဆရာမကြီးနဲ့ပေါ့ .. ဟီး ..

    @ Anonymous (or) moeyae
    ကျေးဇူးတင်ပါတယ် ဗျာ ..

    ReplyDelete