Jan 9, 2007

တစ်ခါသုံး အချစ်

တစ်ခါသုံး အချစ်

ထားခဲ့ပါ အချစ်ရယ်
မင်းဘ၀ သူနဲ့ပျော်
မပျော်သော အပြုံးတွေနဲ့
ဘ၀ကို ရှေ့ဆက်ရင်း
ရှင်သန်နေတဲ့
နှလုံးသားတစ်ခုကို
ဘ၀ရဲ့နောက်ဆုံးရက်များတိုင်
လေရှူဖို့သာ သုံးပါ့မယ်

ကိုတိုး

3 comments:

  1. တခါသုံးဆိုလို့ တခါသုံးတဲ့ ဟိုဒင်းတွေကို သွားသတိရမိတယ်။
    ဟိုဒင်းပါ... ခွက်တို့ တူတို့ တစ်ရှူးတို့ .. :D

    ReplyDelete
  2. တော်သေးတာပေါ့ တစ်ရှူးတင်ရပ်သွားလို့ .. နောက်ဘာတွေများ ဆက်ရေးမလဲ ဆိုတာ .. :P
    “တစ်ခါသုံး အချစ်” ဆိုတာ .. တကယ်ဆိုလိုချင်တာကတော့ နှလုံးသားကို အချစ်(တစ်ဦးတစ်ယောက်)အတွက် ဘ၀မှာတစ်ခါပဲသုံးမယ်ဆိုတာပါပဲ ဗျာ။
    တစ်ချို့လူတွေအတွက်ကတော့ “မောင်ကိုတိုးတစ်ယောက် အပိုစာသားတွေထည့်ပြီး ပိုပြီ ပိုပြီ” လို့ဆိုကြပါလိမ့်မယ်။ :)

    ReplyDelete
  3. ဟုတ်လို့လား ကိုတိုးကြီးရယ်...
    ဟုတ်ရင်တော့ ပျင်းစရာကြီး အဟီး

    ReplyDelete