Nov 30, 2006

ပလာတာအိုးနဲ့တူတဲ့ ငါ့စိတ်တွေ

တွေ့ရင်

ချစ်သူဝိုင်းဝိုင်းလည် ချစ်ရသူရယ်
မင်းရဲ့ အပြုံးတစ်မျက်နှာက
မန္တလေး ညဈေးက ထိုးမုန့်သည်တွေထက်
အခြားလူတွေရင်မှာ ချိုလွန်းလှ ပါတယ်
ဒါကြောင့်လည်း
စိုးရိမ်လှပါတယ် ငါ့စိတ်တွေရယ်

တွေးရင်

မင်း ပြန်မချစ်ရင်
ဆေးမကယ်နိုင် စိတ်ရောဂါဆေးရုံ
လက်မှိုင်တော့မယ်
ငါ့ကို ပြန်ချစ်ပါ
ဒါကလည်း
ရူးစေပါတယ် ငါ့စိတ်တွေရယ်

ဝေးရင်

မင်း လမ်းခွဲစကားဆိုခဲ့ရင်
ကီးမားတင်ဝင်း ပလာတာအိုး
ရင်ဘတ်နဲ့တိုးမိလေလား
အဲ့ဒီထက်
ပူပါတယ် ငါ့စိတ်တွေရယ်

အို တွေး၊ ဆွေး၊ ဝေး
အကုန်ရှောင်ပြေး
ဗျာအပူတွေကို ယတြာခြေ။

ကိုတိုး

(မှတ်ချက်။ ။ ဒါကတော့ မော်ဒန် ကဗျာလေး တစ်ပုဒ်ပေါ့။ ခံစားကြည့်ပါ။)

2 comments:

  1. ဖတ်ပြီးရင်

    ကလိထိုးတာထက်
    ရယ်ရပါတဲ့ သူ့ကဗျာ
    ပြန်ပြန် တွေးမိတော့
    ယောင်ယောင်ကာ ပြုံးမိပါရဲ့
    တွေ့မိသူတွေက
    တယောက်ထဲ ပြုံးနေတဲ့
    ဒီကောင်မလေး
    ရှုးများရှူးနေလားတဲ့....

    (ခံစားမှုကို ကပျက်ကချော်လုပ်ခြင်း မဟုတ်ပါ...
    မော်ဒန်လို ခံစားပြီး မော်ဒန်လို့ ပြောလိုက်ခြင်း ဖြစ်ပါသည်)

    ReplyDelete
  2. ရယ်သောသူ အသက်ရှည်သည်။ ခေါင်းစဉ်ကိုသာ ကြည့်ပေါ့ ယဉ်ယဉ်လေး ရူးလို့နေတဲ့။

    ReplyDelete