Dec 9, 2008

ထိုင်းနိုင်ငံ ဆန္ဒပြပွဲမှ ဓါတ်ပုံများ အကြောင်း

ထိုင်းနိုင်ငံ ဆန္ဒပြပွဲမှ ဓါတ်ပုံများ အကြောင်း

ဒါကတော့ တစ်ကမ္ဘာလုံးက Amazing Thailand လို့ အောချလောက်တဲ့ ထိုင်းနိုင်ငံက အတိုက်အခံ PAD ပါတီဝန်များက PPP ပါတီမှ အာဏာရ ၀န်ကြီးချုပ် ဆွန်ချိုင်းအား ဖြုတ်ချရေး ဆန္ဒပြပွဲမှ ဓါတ်ပုံများဖြစ်ပါတယ်။ ထိုဆန္ဒပြပွဲများကြောင့် တ၀ါးဝါး တဟားဟားနဲ့ အမြဲနေတတ်ကြလို့ 555 တိုင်းပြည် (ထိုင်းအခေါ် Ha = 5 .. ဆိုလိုတာက Ha Ha Ha ရယ်လိုက်ကြပေါ့) မှာ အတော်လေး ကယက်ရိုက်ခတ်သွားခဲ့ပါတယ်။ ဘာများဖြစ်မလဲပေါ့။

Thai, Airport, PAD Protest

ဒါကတော့ ရဲများ အကြမ်းဖက်နှိမ်နှင်းမည်ဆိုပါက ဆီးထုပ် ဆီးပုလင်းများ သုံးပြီး ပြန်လည် ခုခံမည် ဆိုပဲ။ ဤသို့ ရဲများအား ခြိမ်းခြောက်ထားခြင်းကြောင့် အ၀တ်စားအကျပ်ကလေးများ ၀တ်ပြီး ကျော့နေအောင်နေတတ်တဲ့ ထိုင်းမှ ကိုရွှေရဲများလည်း အဘယ်မျှကပ်ဝံ့တော့မည်နည်း။ (လေဆိပ်လမ်းတစ်ခုမှ သေးထုပ် သေးပုလင်းများကို ပုံပါအတိုင်း တွေ့ရစဉ်)

Thai, Airport, PAD Protest

ဒါကတော့ ရေအကျိုးဆယ်ပါး ပေါ့ ဗျာ။ တစ်ပုလင်း 7 bahts ရှိတဲ့ ရေပုလင်းများ ကြိုက်သလောက်ယူ လိုသလောက်သာသောက် ဆိုပြီး ၀န်ကြီးချုပ် ဆွန်ချိုင်း ပြုတ်ဖို့အရေး ဆန္ဒပြသူများအား လှူဒါန်းနေသော PAD ပါတီဝင်နှစ်ဦး။ သာဓု သာဓု သာဓု .. :P

Thai, Airport, PAD Protest

Check in counter များရှေ့မှ ရွက်ဖျင်ကဲလားများ ထိုးပြီး အိပ်နေကြသူသော PAD ပါတီဝင်များ။ သြော် ဒီလိုပါပဲ .. ရိုသူမရှက် မြင်သူရှက် မဖြစ်ရလေအောင်များလား .. :P

Thai, Airport, PAD Protest

မိသားစုလိုက် တပျော်တပါး လာရောက် ဆန္ဒပြကြသူများ။ ပုံပါအတိုင်း ကိုယ့်အိမ် ကိုယ့်ယာလို သဘောထားပြီး နေကြသူများ။

Thai, Airport, PAD Protest

ကလေးမှ ခွေးအဆုံး ၀န်ကြီးပြုတ်ကြဖို့ရန် လေဆိပ်သို့ လာရောက်ဆန္ဒပြကြ။ ပုံပါ ထိုင်းပျိုဖြူချောလေးများလည်း ဆန္ဒပြတဲ့ နေရာမှာ အများအပြားဆိုပဲ။

Thai, Airport, PAD Protest

ဆက်သွယ်ရေး ပြတ်တောက်မသွားစေရန် ပုံပါအတိုင်း Mobile Phone Charger များကို Power Cord များဆွဲ၍ အားဖြည့်ပေးနေကြပုံ။

Thai, Airport, PAD Protest

ဆန္ဒပြသူများ အဟာရအတွက် အခက်အခဲမဖြစ်စေရန် လာရောက် ပံ့ပိုးလှူဒါန်းသူများ နဲ့ စည်စည်ကားကား။

Thai, Airport, PAD Protest

ဈေးကွက်စီးပွားရေး စနစ်အရ .. လေဆိပ်ဆန္ဒပြပွဲသို့ လာရောက်စီးပွားရှာသူများကြောင့် ကြက်ပျံမကျသည့် ပွဲဈေးတန်းအလား စည်ကား။

3 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. The trek to the base camp of the world’s tallest mountain- the Mt. Everest (8848m) is filled with numerous natural attractions. Everest Base Camp Trek is one of the most popular trekking routes in the World. Likewise, the alluring nature with the majestic mountains in the background guarantees that you enjoy each moment on the trek. Moreover, you also visit many Sherpa villages, cultures, and monasteries on the trek.

    ReplyDelete