Dec 6, 2007

လွမ်းနေမယ် မမ



လွမ်းနေမယ် မမ

ငွေကြယ်လေးတွေ စီကာဝန်း
မညီမညာထွန်းလင်းတဲ့
ထက်ကောင်းကင်က
လမင်းရဲ့ အလင်းရောင်နဲ့
မမ ကိုလွမ်းနေတဲ့
အရိပ်တစ်စုံဟာ
သံစဉ်တွေ ဖြစ်ခဲ့ရပြီ

လွမ်းတေးတွေ ကြူ
မျက်ရည်တွေ ဆူ
ချိနဲ့ဆွံ့အတဲ့ နှလုံးသားတစ်ခု
အမြဲတိုးတီးစွာ ရေရွတ်နေမိတာက
“လွမ်းနေမယ် မမ”

ကိုတိုး

3 comments:

  1. Hey!
    Ma Ma from Mdy? Just kidding par naw.

    ReplyDelete
  2. လွမ်းနေမယ်မမ (ရုပ်ရှင်ကား ကြော်ငြာ) :P

    ReplyDelete
  3. @ angel

    လာလည်တာ ၀မ်းသာပါကြောင်း ..

    @ melodymaung

    မမယ်လိုဒီကြီး .. ရုပ်ရှင်ကြိုက်တတ်မှန်းသိပါတယ် ဗျာ .. :P

    ReplyDelete