Nov 29, 2007

ဟိုဟာကို ကြည့်ပြီး တီးမှရတဲ့ လူ


ရခိုင်လူမျိုးများ ဘယ်လောက်စကားဝဲသလဲဆိုတော့ ..

ဇာတ်လမ်းက ဒီလို ဗျ ..

တစ်ခါသားပေါ့ဗျာ .. အဆောင်ရှေ့မှာ ဂစ်တာတီးနေတဲ့ ကျောင်းသားတွေရဲ့အနား .. ယောင်ချာချာနဲ့ရောက်လာတဲ့ ရခိုင်တစ်ယောက်ကို ကျောင်းသားတွေက “ဘယ်လိုလဲ ဗျ ... နဲနဲပါးပါးလေး လုပ်လိုက်ပါအုံး” လို့ ဖျော်ဖြေရန်တောင်းဆိုလိုက်တဲ့ မေးခွန်းကို ထိုလူ ရခိုင်လေသံဝဲ၀ဲနဲ့ ဖြေလိုက်ပုံကြောင့် အားလုံးအံ့အားသင့်သွားတယ်။

“ကျွန်တော် .. နို့ကြည့်တီးမှရမယ်” ..

သူ့စကားကြောင့် .. အားလုံးကကြောင်စီစီဖြစ်သွားပြီး ဘာများလဲလို့ ပေါ့ ဗျာ .. တကယ်တန်းသူဆိုလိုတာက သူဂစ်တာတီးရင် ဂီတသင်္ကေတ အင်္ဂလိပ်လို “Note” ကို ကြည့်တီးမှရတယ်လို့ ဆိုလိုတာပါ ..

ကျွန်တော်လည်း တစ်ခါတစ်လေ ဂစ်တာတီးတိုင်း Note ကြည့်တီးမှရပါတယ် .. ငါ့ဆရာတို့လည်း အလွတ်မရရင် Note လေး ဘာလေး ကြည့်တီးပေါ့ ..

ကိုတိုး

3 comments:

  1. အဟိဟိ ရယ်ရတယ် :P

    ReplyDelete
  2. @ melodymaung

    “ရယ်သောသူ အသက်ရှည်သည်”..

    ထို့ကြောင့် ခါးကိုင်း ခါးကုန်းခြင်းဟူသော နိယာမကို ကြုံတွေ့ရမည် ဖြစ်ကြောင်း .. မမယ်လိုဒီကြီးကို ဟောကိန်းထုပ်လိုက်သည် ..

    ReplyDelete
  3. အဟားဟားးးးး

    ရီလိုက်ရတာ ။

    ReplyDelete