Sep 4, 2007

မခင်နှင်းဆီ

မခင်နှင်းဆီ

မူးဝေလို့ခြွေမယ့်လူတွေအတွက်
ဆူးတွေနဲ့ဝေတဲ့
မင်းရဲ့ အလှက
ငါ့ အတွက်တော့
ရင်မောစရာပါ ..

အချိန်မလွန်
ညှိုးမစွန်းသေးတဲ့
မင်းရဲ့ ဘ၀ကို
ဆူးတွေနဲ့ဆိုလည်း
ငါ လက်လှမ်းမှီချင်ပါသေးတယ်

ကိုတိုး

7 comments:

  1. လှေကားနဲ့ တက်ပေါ့ဗျာ
    လက်လှမ်းမှီအေင်လို့ :P

    ReplyDelete
  2. လှေကားက ဓါတ်တိုင်က Fuse ပြတ်သွားမှ လိုတာ ဗျ။ မနှောက်ပါနဲ့ အန်တီ ရယ်။ :P

    ကိုတိုး

    ReplyDelete
  3. ကိုတိုးကြီး ပြန်ဆွေးတတ်နေပြီလားး)

    ပြန်တွေ့ ရတာ ၀မ်းသာ၏

    ReplyDelete
  4. ခင်ဗျားက ဟာသဓာတ်ခံ ရှိတယ်နော်။ ဟာသဥာဏ်ရှိတဲ့လူတွေက အိုင်ကျူမြင့်တယ်လို့ ကြားဖူးတယ်ဗျ။
    မခင်နှင်းဆီ ၂ တွေ ၃ တွေ ရေးအုံးမှာလား။

    ReplyDelete
  5. လက်လှမ်းမမီရင် အပင်ပေါ်တက်ခူးပေါ့။

    ReplyDelete
  6. kotoe gyi
    lar lae twar par dal ....
    pyoute nay dar kyar hla b...
    yout lar dar nae... yee ya dot tar bae...
    kyan mar par say...
    htar phyu

    ReplyDelete
  7. @ ဂျစ်တူး - gyit_tu

    မဂျစ်ရေ ... ပြန်ဆွေးလည်း ရေနံဂျီးဖိုးတတ်နိုင်အောင် အရင်ကြိုးစားရအုံးမယ် ထင်တယ်။


    @ yours

    "ဟာသဥာဏ်ရှိတဲ့လူတွေက အိုင်ကျူမြင့်တယ်လို့ ကြားဖူးတယ်ဗျ" ..


    ကျွန်တော်ကတော့ စာဖတ်ရှန်းသွားလို့လားမသိ .. စစဖတ်ခြင်း .. ခင်ဗျားရဲ့ Comment ကို “အိုင်ကျူမြင့်ကို ကြားဖူးတယ်ဗျ” လို့ ဖတ်မိသွားတယ်။ အင်း ကျွန်တော်ကတော့ “အောင်ကြူမြင့် တော့ကြားဖူးတယ်” လို့ ပြန်ဖြေရမလိုပဲ ဗျ။ ဟီး ...


    @ THU HNIN SEE

    ရပါတယ် ရပါတယ် .. စပါ စပါ .. အပင်မှာ ပုရွတ်ဆိတ်တွေနဲ့မို့ပါ .. အပြိုကြီး မမွန်


    @ sweety

    ကျေးဇူးတင်ပါတယ် .. ငါ့ညီမရေ

    ReplyDelete