Apr 30, 2007

လေစိုစို တိမ်တွေငို

လေစိုစို တိမ်တွေငို

လေစိုစို တိမ်တွေငိုပါလို့
လွှင့်နေတဲ့ ငါ့စိတ်တွေကို
ဘယ်သူ ကူလို့ပဲ့ကိုင်ပါ့မလဲ

အလွမ်းတွေအမြဲဝေနေတဲ့
ငါ့အချိန်တွေကိုရော
ဘယ်သူလာလို့ ခူးပါ့မလဲ

စိတ်ကူးနဲ့ရူး
မထူးတော့ပါဘူးဆိုပြီး
ဘ၀တစ်ခုလုံးကို
ပျင်းရိစွာနဲ့ ဆုပ်ကိုင်ထားလေရဲ့

ကိုတိုး

4 comments:

  1. ကိုတိုးရေ ၀င်လာရင်းနဲ့ ကော့မက်ချထားခဲ့တယ်။ ကိုတိုးဆိုဒ်ကိုတော့ မကြာမကြာရောက်ဖြစ်ပါတယ်။

    ReplyDelete
  2. ကိုတိုး၊ ပြစ်မျိုးမှဲ့ မထင်တဲ့ ကဗျာကောင်းတစ်ပုဒ်ပါ။

    ReplyDelete
  3. ကိုတိုးရေ...
    မေလ မှာပျောက်ချက်သား ကောင်းနေလို့  လာအော်သွားပါတယ်။

    ReplyDelete
  4. ရဲလွင်ဦးရေ ..

    ဖေဖ၀ါရီထဲက အလုပ်တွေရှုပ်လိုက်တာ .. အခုထိပါပဲ .. ဘယ်လောက်အလုပ်များသလဲဆိုတာကတော့ ကိုဖြိုးအသိဆုံးပါ။ အားတဲ့ အချိန်ဆိုတာ ဘာမှန်းတောင်မသိတော့ဘူး။ စနေတနင်္ဂနွေဆိုတာ နားရက်လားလို့ ကိုယ့်ကိုယ်ကိုပြန်မေးနေရတယ်။

    ကိုတိုး

    ReplyDelete