ကျွန်တော်စကားပြောဖြစ်သော လူအများစုမှာ ကိုယ့်ထက်အသက်အရွယ်များစွာကြီးသော လူကြီးများဖြစ်ကြပါတယ်။ လူကြီးဆိုတဲ့ အတိုင်း သူတို့အတွေ့အကြုံတွေအကြောင်းတွေနဲ့ ဗဟုသုတမျိုးစုံကို အများဆုံးပြောပြတော့ ကျွန်တော့်မှာ ပညာရတာပေါ့။ တစ်ခါတုန်းကတော့ နာမည်ကျော်၊ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ Biography အကြောင်းများကို အများဆုံးပြောဖြစ်တဲ့ ဆရာကြီးတစ်ယောက်နဲ့ စကားစမြည်လုပ်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ Wikipedia မှာနေ့စဉ် နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့အကြောင်းကို အမြဲဖတ် ဖြစ်တယ်။ တစ်ရက်မှာတော့ ကိုပေါ်ဦးသစ်ရေးထားတဲ့ အဆိုတော် ကိုလေးဖြူအကြောင်း ကိုဖတ်ဖြစ်ခဲ့တယ်။ ကိုလေးဖြူ ရဲ့ ဘ၀၊ သူ့ရဲ့ ဘ၀ကို Struggle လုပ်လာရတဲ့ အကြောင်း နှင့် သူ့ရဲ့ အဆောင်နေ ကျောင်းသားဘ၀ ကို ဖတ်ရင်း သဘောလည်းကျမိတယ်၊ မန္တလေးတက္ကသိုလ်ရောက် အဆောင်နေ ကျောင်းသူ၊ ကျောင်းသားများရဲ့ ခံစားမှု့တွေကို ဖတ်ရတော့လည်း စာနာမိပါတယ်။
နောက်တစ်နေ့မှာ ထိုဆရာကြီးနဲ့တွေ့တော့ “ဆရာ .. မနေ့တုန်းက ဖတ်လိုက်တဲ့ လေးဖြူ ဘ၀အကြောင်းကတော့ တော်တော်ကောင်းတယ်” လို့ ကျွန်တော်ကစပြီး စကားစမြည် လုပ်လိုက်ပါတယ်။
ဆရာကြီးက “ဒါနဲ့ လေးဖြူဆိုတာ ဘယ်သူလဲကွ .. သြော် .. လေးဖြူ ဆိုတော့ လူပြေးပေါ့ကွာ” လို့ပြောလိုက်တဲ့ စကားအဆုံးမှာ ဘ၀ကို Struggle လုပ်လာတဲ့ ကိုလေးဖြူရဲ့အကြောင်းကို ကျွန်တော့်ခမျာ ပြောရမှာ တွန့်သွားမိပါတော့တယ် ဗျာ။

ကိုတိုး
ဟုတ်ပါရဲ့ ကိုးတို ကိုတိုး ရာ- ဟဟား
ReplyDeleteako yay
ReplyDeleteur post makes me smile
thz
I love to read funny posts as I am a little "paw":D
@ SisAin
ReplyDelete:) အဲဒီတုန်းက ပြောရမှာတွန့်သွားလို့ အခြားအကြောင်းတစ်ခုရောက်သွားတယ်။ လေးဖြူကြားရင်တော့ Microphone နဲ့ ကောက်ပေါက်လိမ့်မယ်။
@ Pan Pwint Lay
ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် စာတွေကိုဖတ်ပြီးတော့ ပေါတောတောလို့မမြင်လိုက်ပါနဲ့ ဗျာ။ “ကိုတိုး” ဆိုတဲ့လူကို အပြင်မှာတွေ့ရင်တော့ မျက်နှာခပ်တည်တည်ကြီး သတ်မဲ့ဖြတ်မဲ့ရုပ်ကြီးနဲ့မို့ လူဆိုးကြီးလားလို့ တစ်မျိုးမြင်သွားပါလိမ့်မယ်။ ဒါပေမယ့် အမြဲဟာသနှောပြောတတ်တဲ့ လူပေါ့ ဗျာ။ :)