Jan 3, 2007

ဦး၊ ဦးလေး၊ အန်ကယ် နှင့် သမီးများ


ကြည့်လေဗျာ “ဦး” တို့ “ဦးလေး” တို့ ခေါ်တဲ့ မိန်းကလေးတွေရဲ့ အသက်ကကျွန်တော်နဲ့မတိမ်းမယိမ်း ၂၀ ကျော် ၂၅ ၀န်းကျင် ကျွန်တော်က ၂၈။ ခေါ်စမ်းပါဗျာ “ကိုကို” တို့ “အကို” တို့ “ကိုကြီး” တို့။ ကလေးစိတ်မပျောက်သေးဘူးပြောပြော၊ လူကြီးစိတ်မဆန်ဘူးပြောပြော ထိုသို့အခေါ်ခံရပါက ဒေါသသည် နဘံမိုးယံသို့ တက်သွားလေတော့သည်။ ထိုသို့အခေါ်ခံရတိုင်း ခေါင်းမွေးဖြူနေပြီလား သို့တည်းမဟုတ် အရေတွန့်နေလို့လားလို့ ကိုယ့်ကိုယ်ကို မှန်ထဲလှည့်ပတ်ကြည့်တဲ့သူက ကျွန်တော်။ ထိုသို့ ဖြူခြင်း၊ တွန့်ခြင်းဆိုတာရယ်မရှိ။ တစ်ခါကဆိုရင် ကျွန်တော့်အသက်ရဲ့ ၆ နှစ်လောက်သာငယ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခေါ်ပုံက “ဦးလေး” .. နောက် ၄ နှစ်လောက်ငယ်တဲ့ ဟာလေးကျပြန်တော့ “ဦး” .. သူတို့ကိုယ်သူတို့ကျတော့ “သမီး” “သမီးကလေ” စသည်ဖြင့် ငယ်မူပြန်ပါလေရော။ ဟိုးတစ်ခါ ရန်ကုန်ရောက်တုန်း ကိုယ့်ထက် ၁ နှစ်တောင်ကြီးတဲ့ အမျိုးသမီးတစ်ယောက် ခေါ်လိုက်ပုံက “အန်ကယ်” တဲ့ဗျာ။ ထိုသို့ အန်ကယ် အခေါ်ခံရစဉ်အချိန်ခါက မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ဗရဗျစ်နဲ့ ကုလားဒိန်ရုပ်ပေါက်နေလို့များလား။ ထိုသို့လည်း မဆိုနိုင်သေးပါ။ ထိုသူမကတော့ လွန်လွန်းလေပြီ။
ပြီးခဲ့တဲ့ New Year ၁ ရက်နေ့က ကျောင်းနားပတ်ပြီး အေးချမ်းလှတဲ့ သစ်ပင်တွေကြား လမ်းလျှောက်ရင်းနဲ့ ဘုရားစာရွတ်နေမိတယ်။ လူလည်း စိတ်အေးချမ်းတာ အမှန်ပါ။ ဒါပေမယ့် ထိုအေးချမ်းမှု့ကား အခန်းပြန်လာတော့ ပျက်ပြယ်လေပြီ။ အခန်းနားက ကောင်မလေးက “ဦး” “ဦးဆီမှာ အိမ်ရှင်ရဲ့ဖုန်း နံပါတ်များ ရှိလား” ဆိုတဲ့ မေးခွန်းနောက်မှာတော့ ဒေါသကဘယ်ကထွက်လာလဲတော့ မသိ။ မနည်းဆွဲထားရတယ်။ နောက်တော့ ဖုန်းနံပါတ်ပေးပြီး အခန်းပြန်ခဲ့တယ်။ ထိုသို့သော အကြောင်းအရာများနှင့်ပတ်သက်၍ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတစ်ချို့က “ကိုတိုးရာ ထားလိုက်စမ်းပါ သူတို့ ဦးခေါ်လည်း သမီးရဲ့ ဦး တို့ ဦးရဲ့သမီး တို့ ဘာတို့ပေါ့” လို့ဆိုကြပေမယ့် ကျွန်တော်ကတော့ စိတ်ပျက်မိတာကတော့ အမှန်ပါ။ တစ်ချို့ကျတော့လည်း ထိုသို့ဆိုပြန်တယ် “ကိုတိုးက အတည်ပေါက်ကြီး နေလို့ သူတို့က ကိုတိုးကို ခင် ချင်လို့ စ တာတဲ့” မဟုတ်သေးပါဘူး “ခင် ချင်ရင်လည်း ထမင်းစား ဖိတ်ပေါ့ ဗျာ”။ မည်သူတွေဘယ်လိုပင်ဆိုပါစေ ထိုသို့ခေါ်သော မိန်းကလေးများကို ၀ါးစားမတတ်စိမ်းစိမ်းကြီးမျက်လုံးကြီးပြူးပြီးစိုက်ကြည့်တတ်တဲ့ လူက ကျွန်တော်ပေါ့ ဗျာ။

ကိုတိုး

13 comments:

  1. ကိုတိုး...

    ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေရှင်

    ဖရန့်စတားမှာ tetimonial နဲ့ ဆုတောင်းပေးတာလည်း ကျေးဇူးတင်ပါတယ်

    ပန်းပွင့်လေး

    ReplyDelete
  2. ချွဲချွဲနွဲနွဲ ခေါ်ချင်တယ် ကိုကြီး....ကိုကြီး....
    အဲလေ ဟုတ်ပါဘူး...စနေထက်ငယ်တော့ မောင်လေးပေါ့နော်...
    ချိတ်အချိုးနဲ့နော်... :)

    ReplyDelete
  3. kotoe kyi yal ...
    ...ဟိုနေ့က ၀ိဥာဉ်များနဲ့က ခုန်ခြင်းဖတ်ပြီးတော့ အငြိမ်မနေနိုင်ဘဲ သူငယ်ချင်းတွေ လင့်ပေးလိုက်တာ စိတ်ထားဖြူက ကိုယ့်တစ်ယောက်ထဲကြောက်တယ်မှတ်နေတာ သူငယ်ချင်းလည်းကြောက်လို့ အိမ်သာတောင် မသွားရဲဘူးဆိုဘဲ ဒါပေမဲ့ သေချာတာကတော့ ကြောက်တော့ ကြောက်ပါရဲ့ နောက်တစ်ခါ ဘာဇာတ်လမ်းများဖတ်ရမလဲဆိုပြီး ထက်ရောက်လာပြန်ပါတယ် ဦးလေးရယ် အဲမှားလို့ ကိုတိုးရယ် သရဲပုံပြင်တက်ပြောပါအုံးနော် အားပေးလျှက်
    စိတ်ထားဖြူ
    http://satehtarphyu.blogspot.com

    ReplyDelete
  4. @ Pan Pwint Lay ..
    ပြန်ပြီး ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။

    @ နိုင်းနိုင်းစနေ ..
    “ချွဲချွဲနွဲ့နွဲ့ ခေါ်ချင်တယ် ကိုကြီး .. .. ကိုကြီး” က မမေဆွိ သီချင်း ပဲ .. မနိုင်းနိုင်း ရေ .. အဲ့ဒီ သီချင်းထက် ဟိုသီချင်းဆိုရင် ပိုကောင်းနေမလား .. ဘာတဲ့ ..
    “မောင် .. ကျွန်မ ပါးမှာ အနမ်းလေး တစ်ခုလို တယ် .. မောင် .. ”
    (နောက်တာ နော်) ..

    @ စိတ်ထားဖြူ
    စိတ်ထားဖြူရဲ့ သူငယ်ချင်း ကို သရဲကြောက်လို့ အိမ်သာမသွားရဲရင် .. နောက်ဖေးအိုးလေး ဆောင်ထားပါ။ “အားပေးလျှက်” ဆိုတဲ့ စကားလုံးကိုတော့ အရမ်းသဘောကျတယ်။

    အားလုံးကို ကျေးဇူးတင်ပါတယ်

    ကိုတိုး

    ReplyDelete
  5. အဟိ...ကိုကိုလို့ ဟိုဘလော့က မမတွေခေါ်တာ တွေ့သလားလို့

    ReplyDelete
  6. အေးဗျာ၊မိန်းမတွေခက်ကိုခက်တယ်။ကျနော်လည့်းခဏ
    ခဏကြုံဖူးတယ်..ကြည့်လိုက်တော့ကိုယ့်ထက်အများကြီး
    တဲ့ရုပ်ကြီးတွေနဲ့ သယ်...

    ReplyDelete
  7. စိတ် ထိန်း .. စိတ် ထိန်း .. ဘိုးတော်ကြီး ..
    ဂုဏ်တော် ပုတီးစိတ်လိုက်ပါဦး .. ဘိုးတော်ကြီး .. :P

    ReplyDelete
  8. ဘိုးတော်ကြီး ပြောတာမှန်တယ် ကိုတိုး-ရ။
    သူတို့ရုပ်တွေကဖြင့် ကိုယ့်ထက်အများကြီး အသက်ကြီးပုံသာပေါက်တယ်။
    ကိုယ်တွေကိုကျ တအူးအူး နဲ့ ခုလောလောဆယ်တင် ကြုံနေရပါတယ်ဗျို့-
    သယ်သယ်- (ဘိုးတော်ကြီး ကို အားကျလို့)

    ReplyDelete
  9. ကိုတိုးကြီးက အစ်ကိုတို့ ကိုကိုတို့ အခေါ်ခံချင်တယ်ပေါ့၊ ကိုတိုးက အားကစားလုပ်တယ်ဆို ကိုတိုးလူကောင်ကြည့်ပြီး သူတို့က လေးစားသမှုနဲ့ခေါ်တာနေမှာ :P

    ReplyDelete
  10. it is very original , i think you would make a fine writer

    ReplyDelete
  11. @ Anonymous
    အဲဒါမျိုးလည်းမဟုတ်သေးပါဘူး Anonymous ရေ။ “ဦး” တို့ “ဦးလေး” တို့အခေါ်ခံရတိုင်း ကိုယ့်ကိုယ်ကို Super Market က ဟောင်းသွားလို့ မရောင်းရတဲ့ ပစ္စည်းကို 70 % လောက် Discount ချတဲ့ ပုံစံမျိုးအလား ပြေးမြင်မိတယ်ဗျာ။ :( ... တကယ်စိတ်လေပါတယ် ဗျာ ...

    @ Ko Phone
    Ko Phone ရေ .. ကျေးဇူးတင်ပါတယ် ဗျာ။ ဆက်၍လည်း မှတ်မိသမျှ ဟာသလေးတွေ နဲ့ အခြားအကြောင်းလေးများကို ရေးပါ့မယ်။ :) ...

    ReplyDelete
  12. =))
    If u don't wanna be called as "U" or "U lay" then u should tell them in advance before they call u :D

    ReplyDelete
  13. hi,I don't call you as 'U lay'as I have never seen you,hee hee!

    ReplyDelete